မြောက်ဥက္ကလာပ ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများနှင့် ဓာတ်ခွဲခန်းများအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ထွေအုပ်၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဌာနတို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်း/ခရိုင်/မြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက တားမြစ်ဆေးဝါး များရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ ဆေးရုံသုံး ပစ္စည်းများထားရှိရာတွင် စနစ်တကျထားရှိခြင်း ရှိ/မရှိနှင့် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိတို့ကို စစ်ဆေးခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိ၊ အရေးပေါ်ထွက်ပေါက် ထားရှိခြင်း ရှိ/မရှိ၊ လျှပ်စစ် အသုံးပြုရာတွင် စနစ်ကျမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ လိုင်စင်သစ်နှင့် လိုင်စင်သက်တမ်းတိုးခြင်း ရှိ/မရှိကို ပူးပေါင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)