ဘိုကလေး အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သုံးလတစ်ကြိမ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၀-၂၁ခုနှစ် ဘဏ္ဍာနှစ်အတွင်း ထောက်ပံ့ငွေပေါင်း (၈၂၈)သိန်းကျော် ထောက်ပံ့ပေးအပ်နိုင်ခဲ့သည်။
၎င်းလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ရာတွင် တစ်လလျှင် ငွေကျပ်(၁)သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ငွေကျပ်(၃)သောင်းအား ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ၂၀၂၀ခုနှစ်အတွင်းမှ အောက်တိုဘာ၊နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလပတ်အတွက် ဘိုးဘွား(၉၃၅)ဦးအား ထောက်ပံ့ငွေ( ၂၈၀၅၀၀၀၀)ကျပ်၊ ယခုနှစ် ၂၀၂၁ခုနှစ်မှ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် သုံးလပတ်အတွက် ဘိုးဘွား(၉၁၆)ဦးအား ထောက်ပံ့ငွေ(၂၇၄ ၈၀၀၀၀)ကျပ်နှင့် ဧပြီ၊ မေ၊ဇွန် သုံးလပတ်အတွက် ဘိုးဘွား (၉၁၂)ဦးအား ထောက်ပံ့ငွေ(၂၇၃ ၆၀၀၀၀)ကျပ်တို့ဖြင့် ၂၀၂၀-၂၁ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဘိုးဘွားများအား လူမှုရေးပင်စင် စုစုပေါင်း (၈၂၈ ၉၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)