နတ်မောက် အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက ဝါသီးနှံအထွက်တိုးဇုံ ဆောင်ရွက် ထားရှိသည့် ကျေးရွာများသို့ သွားရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် သီးနှံအထူးဇုံများ သတ်မှတ်ဆောင်ရွက် လျက်ရှိရာ နတ်မောက်မြို့နယ်၏ အဓိကသီးနှံဖြစ်သည့် ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအထူးဇုံကို ရွာမွန်အုပ်စုတွင် (၅၀၀)ဧက၊ တောင်ထောင့် ကျေးရွာအုပ်စုတွင် (၃၀၀)ဧက၊ ရေငံကျေးရွာ အုပ်စုတွင် (၂၀၀)ဧက စုစုပေါင်း (၁၀၀၀)ဧက လျာထားသတ်မှတ်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ရွှေတောင်(၈)ဝါမျိုးစေ့၊ ရွှေတောင်(၁၀)ဝါမျိုးစေ့၊ ငွေချည်(၁၁)ဝါမျိုးစေ့များကို ဖြန့်ဝေပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်အောင် စိုက်ပျိုးတတ်စေရန်၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးစနစ်တကျ သုံးစွဲတတ်စေရန်၊ အပင်ပြုစုနည်းစနစ် မှန်ကန်စေရန်အတွက် စနစ်တကျ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
သင်းသင်းမြတ်