ကသာမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ကစားသမားများရွေးချယ်

ကသာ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ကသာခရိုင်အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင် ရေး အတွက် ခရိုင်အသင်းလူရွေးပွဲကို အောက်တိုဘာလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ကသာမြို့ ဧရာရွှေလီအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ကသာခရိုင်အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ခရိုင်အတွင်းရှိ ကသာ၊ ထီးချိုင့်၊ ဗန်းမောက်နှင့် အင်းတော်မြို့နယ် များရှိ အသက်(၁၆)နှစ်အောက် ဖူဆယ်ကစားသမားများထဲမှ အကောင်းဆုံးကစားသမားများကို ရွေးချယ်ကာ အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် အကောင်းဆုံး ဖူဆယ်ကစား သမားများရွေးချယ်နိုင်ရေးအတွက် ခရိုင်အသင်းလူရွေးပွဲအဖြစ် အဆိုပါဖူဆယ် ဘောလုံး ပြိုင်ပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

 

ကသာ