စားအုန်းဆီများသက်သာသောစျေးနှုန်းဖြင့်ရောင်းချလျက်ရှိ

 

ရွှေဘို အောက်တိုဘာ   ၂၅

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရန် ၂၂-၉-၂၈၂၁ (ဗုဒ္ဓဟူးနေ့) မှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လက်ကားရောင်းချ သူများသို့ စားအုန်းဆီတစ်ပိဿာလျှင် လက်ကား ဈေး (၃၇၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

 

 အဆိုပါစားအုန်းဆီလက်ကားစျေး ၃၇၀၀ ကျပ်နှင့်သယ်ယူစရိတ်ပေါင်းပြီး နှစ်ရာခိုင်နှုန်းထက်မပိုသော စျေးနှုန်း ၃၉၀၀ ကျပ်ဖြင့် ရွှေဘိုခရိုင်အတွင်း ၃.၁၀.၂၀၂၁ ရက်နေ့ကစတင်ပြီးယနေ့ အချိန်ထိရောင်း ချလျက်ရှိကြောင်း သိရသည်။ယင်းစားသုံးဆီများကို ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်၊ဦးဘသင်းက ကိုယ်စားလှယ်ယူရောင်းချပေး ခဲ့ကြောင်းသိရသည်။ ပထမအကြိမ်ပိဿာချိန် ၂၂၀၀၀ ၊ ဒုတိယအကြိမ် ပိဿာချိန် ၁၁၀၀၀ ၊ တတိယ အကြိမ်ပိ  ဿာချိန် ၁၆၅၀၀၊စတုတ္ထအကြိမ်ပိဿာချိန် ၃၃၀၀၀ ကိုရောင်းချပေးနိုင်ခဲ့ပြီးပဥ္စမအကြိမ်ပိဿာချိန် ၂၂၀၀၀ ကိုရောင်းချလျက်ရှိသည်။  ဆဌမအကြိမ် ပိဿာချိန် ၂၂၀၀၀ ကိုဆက်လက်ရောင်းချ ပေးနိုင်ရေးစီစဉ် ဆောင်ရွက် လျက် ရှိကြောင်းသိရသည်။

 

 အထက်ပါစားအုန်းဆီများကို စားသုံးသူများအလွယ်တကူဝယ်ယူနိုင်ရေးအတွက် ရွှေဘိုမြို့ပေါ် ဆီအရောင်း ဆိုင်များ၊ရွှေဘိုမြို့ရှိစျေးများ၊ ရပ်ကွက်များ၊ ရွှေဘိုမြို့နယ်ဇီးကုန်းလေးကျေးရွာ၊ ဆိပ်ခွန်ကျေးရွာ၊ ဇီးဖြူကုန်းကျေး ရွာ၊ညောင်ပင်သာကျေးရွာ၊ ကျောက်မြောင်းမြို့၊ ဝက်လက်မြို့နှင့်ရေဦးမြို့များသို့ ကားများဖြင့်လှည့်လည်ရောင်း ချပေးခဲ့ကြောင်းရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းထံက သိရသည်။

 

ရွှေဘို