အင်္ဂပူ ဩဂုတ် ၁၈
အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်း ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာနှင့် နံကပ်ကျေးရွာတို့တွင် ဧရာဝတီမြစ်ရေ တိုက်စား ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့သည့် အိမ်ခြေ (၁၆) လုံးနှင့် အိမ်ထောင်စု (၁၆) စုတို့အား ယမန်နေ့ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က အင်္ဂပူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ငွေများသွားရောက် ထောက်ပံ့ ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ခြင်းကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများမှ အိမ်ဆောက်ပစ္စည်းဖိုး ၁၆ သိန်းကျပ် နှင့် အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၆၅ ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၃၆၅၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၃၆၅၀၀) ကျပ်အား ကျေးရွာအရောက် သွားရောက်၍ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)