မုဒုံ သြဂုတ် ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်ကူပြု အခြေခံစက်ချုပ် သင်တန်းကို ယနေ့နံနက်(၁၀)နာရီက ကျုံဖိုက် ကျေးရွာ ကန်ကလေးဓမ္မရုံ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီး မှူးဦးအေးနိုင်မှ ကျေးလက်နေ ပြည်သူများ အလုပ်ကိုင်အခွင့်လမ်းရရှိစေပြီး မိသားစုဝင် ငွေတိုးပွါးစေ ရန်နှင့် သင်တန်းမှ ရရှိသည့် အတတ်ပညာများ ကိုပြန်လည် အသုံးချစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှမြို့နယ် ဦးစီးမှူးဦးဗညားမှ သင်ထောက်ကူ ပစ္စည်းများကိုပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို စက်ချုပ်ပညာ တတ်ကျွမ်းသော ဆရာမများမှ သင်ကြားပေးသွားမည်ဖြစ်ပြီး ကျေးရွာအတွင်းရှိ သင်တန်းသူ စုစုပေါင်း(၂၁)ဦး တက်ရောက်ကာ သင်တန်းကာလကို(၁) လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)