ပုသိမ် သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မူလက်မူလုပ်ငန်း ဦးစီးဌာနနှင့် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ (CERP) ကိုဗစ်-၁၉ကာလအလွန် စီးပွားရေးပြန်လည်ကုစားရေးအစီစဉ်အရ အလုပ်ကိုင်အခွင့်လမ်း ဖော်ဆောင်ပေးခြင်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လက်သန့်ဆေးရည် ပြုလုပ်နည်းသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနရုံး ရုံးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်ကပြုလုပ်ရာ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူး၊ စားသုံးသူရေရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် ဌာနဆိုင်ရာများ သင်တန်းနည်းပြများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးအောင်က သင်တန်းဖွင့် အမှာစကားနှင့် ဦးစီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများကိုလည်းကောင်း၊ စားသုံးသူများကာကွယ်ပေးရေး ဥပဒေ၊ နည်းဥပဒေများ အကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားပေးမည့်ဘာသာရပ်များ နှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၃၅)ဦးတို့အား ခြောက်ရက်ကာလအတွင်း လက်သန့်ဆေးရည်၊ ဆပ်ပြာရည်၊ ဟမ်းဂျယ် ပြုလုပ်နည်းများကို ဈေးကွက်တင်ပို့ ကုန်ထုတ်လုပ် ရောင်းချနိုင်သည်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ကာ သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများကိုလည်း ဦးစီးဌာနက ကူညီပံပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်ဟန် (ပုသိမ်ခရိုင်၊ ပြန်/ဆက် )