ဘုတလင် ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံ ပေးနိုင်ရန်အတွက် ဩဂုတ်လ (၁၄) ရက်မှ (၁၇)ရက်အထိ ရပ်ကွက်နှင့် ကျေးရွာများတွင် စာရင်းကောက်ယူ ခဲ့ရာ ကာကွယ်ဆေး ထိုးနှံမည့် အမျိုးသမီးငယ် တစ်ထောင်ကျော်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများကို ၂၀၁၀ပြည့်နှစ်၊ စက်တင်ဘာလ(၁)ရက်မှ ၂၀၁၁ခုနှစ်၊ ဩဂုတ်လ(၃၁)ရက်အတွင်း မွေးဖွားသော အသက်(၉)နှစ်မှ (၁၀)နှစ် မကျော်လွန်သည့် အမျိုးသမီးငယ်များ စာရင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း ကောက်ယူခဲ့ရာ ဘုတလင်မြို့နယ်တွင် အမျိုးသမီး ငယ်(၁၀၉၅)ဦး စာရင်းကောက်ယူရရှိခဲ့သည်။
အဆိုပါသားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး စီမံချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဘုတလင်မြို့နယ်တွင် စာရင်းကောက်ယူရရှိသည့် အမျိုးသမီးငယ်(၁၀၉၅)ဦးအား စက်တင်ဘာလတွင် ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)