နတ်မောက်မြို့နယ်တွင် ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူများကို စတင်ပြင်ဆင်ပေး

နတ်မောက် သြဂုတ် ၁၈                                                 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များမှ ပုံစံ(၃)၊ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူများအား ယနေ့နံနက်(၁၀)နာရီက  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ မဲစာရင်း ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိ​ကြောင်း သိရသည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများမှ တင်ပြလျှောက်ထား လာသော အမည်စာရင်း ထည့်သွင်းပေးရန် ပုံစံ(၃)ဖြင့်လျှောက်ထားလာသူ (၅၂၂)ဦး၊ မဲစာရင်းတွင် မပါအဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄) ဖြင့် လာရောက် ကန့်ကွက်သူ(၃၃၅)ဦး၊ မဲစာရင်းစပ်လျဉ်းသည့် ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့်လျှောက်ထားသူ (၅၇၆)ဦး ရှိရာမဲစာရင်းတွင် မဲစာရင်း ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို သြဂုတ်လ (၁၄)ရက်နေ့မှ (၃၀)ရက်နေ့ထိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ၊ အုပ်စုအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း (နတ်မောက်)