ရွာသစ် ဩဂုတ် ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ COVID-19 ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား များအတွက် နိုင်ငံတော် အစိုးရမှ တတိယအကြိမ် ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေများကို မြောက်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်နှင့် တာဝန်ရှိသူတို့က ယနေ့ နံနက်ပိုင်းမှ စတင်ကာ လိုက်လံ ပေးအပ်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် ရွာသစ်မြို့ရှိ ယခင် အိမ်ထောင်စု (၅၅) စု၊ ယခုထပ်တိုး အိမ်ထောင်စု (၅၄)စု စုစုပေါင်း (၁၀၉) စု တောင်ပိုင်းရပ်ကွက် အိမ်ထောင်စု (၁၉) စု မြောက်ပိုင်း ရပ်ကွက် အိမ်ထောင်စု (၁၆) စု ၊လွယ်ဝိုင်း ကျေးရွာအုပ်စု (၄၅) စု၊ ဝမ်လွဲ့ကျေးရွာ (၉) စု၊ ဟွေအော ကျေးရွာ အုပ်စု (၂၀) စု စုစုပေါင်း အိမ်ထောင်စု (၁၀၉) စုအား ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများက အိမ်တိုင်ယာရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းဆွေေဆွေအေး(ပြန်/ဆက်)