မြို့သစ်မြို့နယ်တွင် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး(EIM)အစီအစဉ်ဖြင့် ကိုယ်ကာယလေ့ကျင့်ခန်း ဆောင်ရွက်

မြို့သစ် သြဂုတ် ၁၈

မကွေးတိုင်းဒေသကြီး ၊  မြို့သစ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာ ဦးစီး ဌာနတို့ ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် စေရန်အတွက် ကိုယ် လက်လှုပ်ရှား ဆေး တစ်ပါး (Exercise Is Medicine)အစီအစဉ်ဖြင့်  ယနေ့နံနက်ပိုင်းက ရုံးတောကျေး ရွာအုပ်စု၊ ရုံးတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကိုယ်ကာယလေ့ကျင့်ခန်းများ လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးသိန်းဇော်မင်းနှင့် အဖွဲ့မှ  ရုံးတောကျေးရွာအုပ်စု၊    ရုံးတောကျေးရွာ  အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)ရှိ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးခန့်အား  ကိုယ် ကာယလေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂)ကို  လေ့ကျင့်ဆောင်ရွက်ပေးခဲ့ပြီး  ကျောင်းအတွက်လိုအပ် သည့် အားကစားပစ္စည်းများ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရှိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)