မော်လမြိုင် သြဂုတ် ၁၈
မွန်ပြည်နယ် မော်လမြိုင်(၁၀)မြို့နယ်ဆောင်ရှိ အသွားအလာကန့်သတ်ထားရှိသည့်နေရာများတွင် ဝင်ရောက်နေသူများထဲမှ (၁၆၅)ဦး ကို ကျန်းမာရေးစစ်ဆေးမှုများ ယမန်နေ့ နေ့လယ်က ပြုလုပ်ဆောင်ရွက်ရာ Community Based Facility Quarantine ကွပ်ကဲရေး တာဝန်ရှိသူများ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဘိုဘိုဝင်း (Rescue) အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သား များ ကူညီဆောင်ရွက်ကြောင်း သိရသည်။
Quarantine ဝင်ရောက်လာသူများကို ရက်သတ္တတစ်ပတ်အတွင်း အပူချိန်စစ်ဆေးခြင်း၊ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် နမူနာယူ၍ ပြည်သူကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာန (PHL Mawlamyine) ပေးပို့၍ ရောဂါပိုး ရှိ/မရှိ တစ်ကြိမ်စစ်ဆေးပေးသွားမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိ ပါကသက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းပေးပြီး မြို့နယ်များမှ (၂၁)ရက် ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှ ယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှ နေရပ်ပြန်လာသူပေါင်း (၁၁၀၁၅)ဦး ရှိပြီးဖြစ် ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)