ကျောင်းကုန်းမြို့ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလ ယူသူများအား နှာခေါင်းစည်းများ သွားရောက် လှူဒါန်း

ကျောင်းကုန်း  ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများသို့ ယနေ့ နံနက်ပိုင်းက နှာခေါင်းစည်းများကို မြို့နယ်အုပ်ချုပ်ရေးနှင့် စည်ပင်သာယာရေးအဖွဲ့က လိုက်လံလှူဒါန်း ခဲ့ကြသည်။

ကျောင်းကုန်းမြို့၊ အမှတ်()ရပ်ကွက်ရှိ မိုဃ်းကောင်းစာသင်တိုက်၊ အမှတ်()ရပ်ကွက်ရှိ ဒက္ခိဏာရာမ စာသင်တိုက်၊ အမှတ်()ရပ်ကွက်ရှိ ကဉ္စဏာရာမကျောင်းတိုက်နှင့် မြို့ပေါက်ဆိန်ပဲ့ ကျောင်းတိုက်တို့၌ ယနေ့နံနက်တွင် ဥပုသ်သီလ စောင့်တည်ယူသူများနှင့် သံဃာတော် အရှင်သူမြတ်တို့အား နှာခေါင်းစည်းများ လိုက်လံလှူ ဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ လှူဒါန်းမှုသို့ မြို့မိမြို့ဖ ဦးတင်မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အောင်ဆွေ၊ စည်ပင်အမှုဆောင်အရာရှိ ဦးကျော်စွာလင်းတို့က လိုက်လံလှူဒါန်း ခဲ့ကြပြီး၊ အမှတ်()ရပ်ကွက်၊ တာဦးဈေးအတွင်းရှိ ဈေးသည်/ဈေးဝယ်တို့အား နှာခေါင်းစည်းများ ဝေငှပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)