ကန်ကြီးထောင့်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးပြုလုပ်

ကန်ကြီးထောင့်   ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်တီ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံမင်းမှ ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု / ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက အချိန်မီဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်တီကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်းနှင့်ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများက မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်တီ ဖွဲ့စည်းနိုင်ရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)