ကန်ကြီးထောင့်မြို့နယ်တွင် VRFP အကောင်အထည်ဖော် ဆောင်ရွက်မည့် သရက်ချောင်းကျေးရွာသို့ ချေးငွေများ ထုတ်ချေးပေး

ကန်ကြီးထောင့်  ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) အကောင်အထည်ဖော် ဆောင်ရွက်မည့် သရက်ချောင်း ကျေးရွာသို့ ယမန်နေ့ နေ့လယ် ၁ နာရီက စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးရာတွင် အိမ်ခြေ(၁၀၃)အိမ်၊ အိမ်ထောင်စု (၁၀၃)စုရှိသည့် ကွင်းယားအရှေ့ ကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာမှ စိုက်ပျိုးရေး၊မွေးမြူရေး၊ ကျေးရွာကုန်ထုတ်လုပ်ငန်း၊ အသေးစား ရောင်းဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်မည့် အိမ်ထောင်စု(၇၇)စုအတွက် ငွေကျပ်သိန်း ၃၀၀ ကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်စိုးသန္တာ ဦးဆောင်သော အဖွဲ့မှ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျေးလက်နေ ပြည်သူများ ကိုဗစ်-၁၉ကာလအတွင်း ဝင်ငွေလျော့နည်းလာမှုများနှင့် စားဝတ်နေရေး အခက်အခဲများ အပေါ် ကုစားနိုင်ရန်အတွက် ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာတွင် Cash For Work စီမံကိန်းနှင့် ကျေးရွာ  ရွာတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)တို့ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းကိုလည်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

နန်းထိုက်(ပြန်/ဆက်)