ထီးလင်း သြဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၌ mobile library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လယ်၂နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ mobile library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မိမိစာကြည့်တိုက်သို့ ကိုယ်တိုင် မလာရောက်နိုင်သော စာပေဝါသနာရှင်များ စာအုပ်စာပေဖတ်ရှုနိုင်စေရန်၊ စာကြည့်တိုက်ကို ပိုမိုအသုံးပြုစေရန်၊ စာအုပ်စာစောင်ဖတ်ရှုမှု ပိုမိုမြင့်မား လာစေရန်အတွက် မြို့နယ်လမ်းဦးစီးဌာန၊ မြို့ပေါ်ရှိအမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်များသို့ အိမ်တိုင်ရာ ရောက်သွားရောက် ကာ ငှားရမ်းပေးခဲ့သည်။
ထိုသို့ Mobile Library စနစ်ဖြင့်စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို တစ်လလျှင်(၂)ကြိမ်ဖြင့် အသစ်လဲလှယ် ငှားရမ်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မာမာ(ပြန်/ဆက်)