ဝေါ သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မပြုလုပ်ရသေးသူများ၊ မဲစာရင်းတွင် ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိကြသူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အချိန်မီထုတ်ပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် အဖွဲ့(၅)ဖွဲ့ခွဲကာ အရှိန်အဟုန်တိုးမြှင့်၍ ဆက်လက်ကွင်းဆင်း ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ပြုလုပ် ဆောင်ရွက်ပေးရာတွင် ဝေါမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲထွန်းမြင့်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများ အား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိ ရာ လက်ပံသုံးပင်၊ ဘိုကတော်၊ ထိန်တပင်ကျေးရွာ၊ ကံမြင့်ကျေးရွာ၊ ကော့ဝင်ကျေးရွာတို့တွင် ကျား(၇၂)ဦး၊ မ(၉၆)ဦး ဆောင်ရွက်ပေးခဲ့ ပြီး ဝေါမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၄)အုပ်စုတွင် ယနေ့ထိကျေးရွာ အုပ်စု(၂၀) အုပ်စုအား ကွင်းဆင်းဆောင်ရွက် ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၄၈၂)ဦး၊ မ(၇၁၀)ဦး၊ စုစုပေါင်း(၁၁၃၈)ဦးအား စိစစ်ထုတ်ပေးခဲ့ ကြောင်းသိရသည်။
ကျန်ကျေးရွာ(၄၄) အုပ်စုကို သစ္စာစီမံချက်ပါနေ့ရက်များအလိုက် တိုက်နယ်များခွဲကာ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဩဂုတ်လ(၂၂)ရက်နေ့တွင် ဝေါမြို့နယ်အတွင်းရှိ ကျေးအုပ်စု(၆)စုဖြစ် သည့် ဧကရာဇ်ကျေးရွာ၊ ဆင်ရွာ ကျေးရွာ၊ ညောင်သုံးခွကျေးရွာ၊ နောင်ဂျမ်းကျေးရွာ၊ လေးအိမ်စုကျေးရွာ တို့တွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ နိုင်ငံသားတိုင်းရရှိစေရန် ပြုလုပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)