ဝန်းသို ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်း များပူးပေါင်းကာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဝန်းသိုမြို့နယ် မြို့မစည်ပင်သာယာဈေးရှိ ကုန်စုံဆိုင် များတွင် တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားထည့်သွင်း လိုက်နာမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိန်ဌေးနှင့် တာဝန်ရှိ သူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဝန်းသိုမြို့မ စျေး အတွင်း/အပြင်ရှိ ကုန်စုံဆိုင်နှင့် အလှကုန်ဆိုင်ခန်းပေါင်း ၃၀တို့တွင် သက်တမ်းလွန် မှိုတက်အစား၊ အသောက် များနှင့် သက်တမ်းကုန်ဆုံးရက်စွဲ၊ ကုန်အမှတ်တံဆိပ်များ မပါရှိသည့် ပစ္စည်းများ ရောင်းချမှုရှိ/ မရှိ တို့ကိုစစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်မျာအား တာဝန်ရှိ သူများက အသိပညာပေးပြောကြားခဲ့သည်။
ဝန်းသိုမြို့နယ်တွင် စားသုံးသူဘေးကင်းလုံခြုံစေရေးအတွက် တားမြစ်ကုန်ပစ္စည်းများ၊ ဆေးဝါးများ ရောင်းချမှု ရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်း လိုက်နာမှု ရှိ/မရှိတို့ကို တာဝန်ရှိ သူများက လစဉ်ကွင်းဆင်းကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)