ရွှေသောင်ယံ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာ အတွင်းရှိ နေရာ (၂)ခုအား ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးနှင့်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ မေလ ၁၉ ရက်၊ ရက်စွဲပါအမိန့်စာအမှတ် ၅၄/၂၀၂၀ အရ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၄ ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အဝင်အထွက် ကန့်သတ်နေရာ(Lock Down Area)အဖြစ် သတ်မှတ်သည့်အမိန့်ကို ထုတ်ပြန်လိုက်ကြောင်းသိရသည်။
အဆိုပါ အဝင်အထွက်ကန့်သတ်နေရာ (Lock Down Area) ( ၂ )ခုဖြစ်သည့် အုန်းချောင်းကျေးရွာ ဘုရားကျောင်းလမ်းရှိ အိမ်ခြေ (၁၅)လုံးနှင့် လူဦးရေ(၅၂)ဦး၊ အုန်းချောင်းကျေးရွာ ဘင်းကုလားကုန်း လမ်းရှိအိမ်ခြေ (၂၂) လုံးနှင့် လူဦးရေ (၆၄ )ဦး တို့သည် ပြင်ပသို့ထွက်ခွာသွားလာခြင်းမပြုရန်၊ ပြင်ပမှပြည်သူများအနေနှင့်လည်း ထိုနေရာသို့ ဝင်ထွက်သွားလာခြင်းမပြုရန်၊ ထိုနေရာ၌ နေထိုင်သူများအနေဖြင့် စားသောက်ကုန်များဝယ်ယူရန်ဖြစ်စေ၊ အရေးပေါ် ကျန်းမာရေးကိစ္စရပ်များ ပေါ်ပေါက် လာလျှင်ဖြစ်စေ အသွားလာကန့်သတ်နေရာရှိ တာဝန်ကျသူများနှင့်သာ ဆက်သွယ် ဆောင်ရွက်ရန်ဟူသော စည်းကမ်းချက် များအား လိုက်နာကျင့်သုံးရမည်ဟု ဖော်ပြပါရှိပါသည်။
ဖော်ပြပါ (Lock Down Area) အမိန့်ထုတ်ပြန်ထားရာနေရာမှ ပြည်သူများသည် ထုတ်ပြန်ထားသော အမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါအမိန့်သည် ယနေ့(၁၃-၁၀-၂၀၂၁)ရက်၊ နံနက် ၈ အချိန်မှစတင်သက်ရောက်ကြောင်း ပါရှိသဖြင့် အဆိုပါသတ်မှတ် Area အား ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ ထုတ်ပြန်ထားချက်ပါ စည်းကမ်းချက်များအား မြို့ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မေကြည်