ပင်လည်ဘူး ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေ ချစ်သူ (BOOK CLUB) အသင်းတို့ ပူးပေါင်း၍ သုတ၊ ရသ စာပေ ဖတ်ရှု ဆွေးနွေးပွဲ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဝင်းခိုင်က (BOOK CLUB) စာဖတ်ဝိုင်းကျင်းပပြုလုပ်ရချင်းနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီး စာဖတ်ဝိုင်းတွင် စာပေချစ်သူ (BOOK CLUB) အသင်း မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ စာရေးဆရာ မောင်လွန်းမြိုင် (ပင်လည်ဘူး) နှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ ဖြစ်ကြသော စေ(တောရတနာ)၊ ဉာဏ်ဝင်း (ပင်လည်ဘူး)၊ မောင်ရိုးညာ (ပင်လည်ဘူး)၊ မောင်သက္က (ရွှေဘူးမြေ)၊ မောင်မောင်သန်းညွန့် (ပင်လည်ဘူး)နှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာများက စာရေးဆရာ ကျော်ဝင်း၏ ‘‘ နှစ်ဆယ့်တစ်ရာစု သားရွှေဥ ’’ စာအုပ်ထဲက “ကိုယ်ပိုင် မစ်ရှင်၊ မှန်ထဲကလူနှင့် စကားပြောခြင်း၊ အကျင့်ထဲသို့ဝင်ရောက်ခြင်း၊ သူမနာ ကိုယ်မနာ ဆက်ဆံရေး စသည့် အဆိုပါစာအုပ်ထဲက စာပေ၊ ရသများကို ဖတ်ရှုဆွေးနွေး ပြောကြားကြပြီး ယင်းစာအုပ်မှ ရရှိသော သုတ၊ ရသ နာယူမှတ်သားဖွယ်ရာ ဗဟုသုတများ၊ စာပေရဲ့နှလုံးသား အာဟာရများကို အချင်းချင်း သုံးသပ်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)