ကျိုက်မ​ရောမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မြို့နယ်စည်ပင်မှ ရေသည်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေ

ကျိုက်မ​ရော    မတ်   ၁၅

​မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်အတွင်း ရှိ မြို့​ပေါ်ရပ်ကွက်များသို့ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ပိုင်​​ရေသည်ယာဉ် ၂ စီးနှင့်​ ဒေသခံပြည်သူများ စု​ပေါင်းလှူဒါန်းထား​သော မီးသတ်ယာဉ် ၁စီး တို့ဖြင့်​ ယ​​နေ့​ နံနက် ၁၀ နာရီက ​သောက်သုံး​ရေ ပြတ်လပ်​နေ​သော အတ္တရံရပ်ကွက်၊ ရှင်​စောပုရပ်ကွက်များရှိ ​ပြည်သူများထံအိမ်တိုင်ရာ​ရောက် လိုက်လံပို့​ဆောင်​ပေးလျက်ရှိ​သည်။

ပူပြင်း​​ခြောက်​သွေ့​သော ​နွေရာသီသို့​ရောက်တိုင်း ​သောက်​​ရေကန်များ​၊​ ရေတွင်းများ​တွင် ​ရေများခန်း​ခြောက်စ ပြု​နေပြီး ​ဒေသခံပြည်သူများ၏ ​သောက်သုံး​ရေ အခက်အခဲများကို ကျိုက်မ​ရော လူငယ်ပရဟိတ အဖွဲ့များနှင့် စည်ပင်သာယာ​ရေးအဖွဲ့များ ပူး​ပေါင်းကာ​ ​နေ့စဉ်ရေသည်ယာဉ်ကြီးများဖြင့် လှည့်လည်၍ အခမဲ့ဖြန့်​ဝေ​​ပေး​နေကြောင်း ​ရေအခက်အခဲရှိပါက မြို့နယ်စည်ပင်သာယာ​ရေးအဖွဲသို့ အကူညီ​တောင်းနိုင်​ကြောင်း​ ရေ​ပေး​ဝေ​ရေး တာဝန်ခံအင်ဂျင်နီယာ ဦးနေစိုး​ကျော်ထံမှသိရသည်။

ချိုမြတ်မြတ်​ထွေး  (ကျိုက် မ​ရော)