ကျိုက်မရော သြဂုတ် ၁၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြန်မာနိုင်ငံ ကျန်းမာရေးအသင်းနှင့်ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်း တို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဖားပျောက်ကျေးရွာအုပ်စု မြန်မာလိုင်ကျေးရွာနှင့် မုဆိုးကျွန်းကျေးရွာများသို့ ကွင်းဆင်း၍ နယ်မြေခံကျန်းမာရေး ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းကာ ကျေးရွာအတွင်းရှိ သောက်သုံးရေကန်များ၊ ရေစည်ပိုင်းများ၊ ရေပုံးများတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး အတွက်အဘိတ်ဆေးများခပ်ခြင်း၊ ခြင်ဆေးများဖျန်းခြင်းနှင့် ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းတို့ကို အဖွဲ့လိုက်စုပေါင်း၍ ဆောက်ရွက် ခဲ့ကြကြောင်း သိရသည်။
ချိုချို(ပြန်/ဆက်)