အမာ သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာတွင် သြဂုတ်လ ၁၄ ရက်နေ့ကဖြစ်ပွား ခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် အိမ်ထောင်စု(၁)စုကို ယမန်နေ့ နံနက် ၁၁ နာရီက ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကူညီထောက်ပံ့မှု လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် နောက်မီးကျေးရွာ၊ အမှတ်(၅)ရပ်ကွက်ရှိ လူနေအိမ်(၁)လုံး လူဦးရေ(၆)ဦးတို့၏ အိုးအိမ်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ ဖျာပုံခရိုင်၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ အငယ်တန်းစာရေးဦးအောင်ထက်ကျော်နှင့် တာဝန်ရှိသူများက အိမ်ထောင်စု(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁ဝဝ,ဝဝဝ)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၂,၆ဝဝ)ကျပ်၊ ထောက်ပံ့ရေး ပစ္စည်း(၁၆)မျိုး၊ စုစုပေါင်း(၁၁၂,၆ဝဝ)ကျပ်ကို သက်ဆိုင်ရာလေဘေးသင့်ပြည်သူတို့ ၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
နော်လေး(အမာ)