မုံရွာမြို့၌ COVID-19 Relief Package 2 ဟိုတယ်ဝန်​ဆောင်မှု (မွမ်းမံ)သင်တန်း ဖွင့်လှစ်

မုံရွာ ဩဂုတ် ၁၈

COVID-19 Relief Package 2 ဟိုတယ်ဝန်​ဆောင်မှု(မွမ်းမံ)သင်တန်းဖွင့်ပွဲကို မုံရွာမြို့ King & Queen ဟိုတယ်၌ ယမန်နေ့ ​နေ့လယ် ၂နာရီအချိန်က ကျင်းပခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင်  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်း​ဒေသကြီးတာဝန်ခံ၊ ဦးအောင်သူဦး က "ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ​အောင်မြင်တိုးတက်မှုရှိလျှင် ဟိုတယ်လုပ်ငန်းရှင်များသာမက ​ဒေသခံပြည်သူ များဖြစ်ကြတဲ့ အမှတ်တရ ပစ္စည်းအ​ရောင်းဆိုင်များ၊ စား​သောက်ဆိုင်များ၊ သယ်ယူပို့​ဆောင်​ရေး လုပ်ငန်းရှင်များပါ ဝင်​ငွေများရရှိကြတာဖြစ်​ကြောင်း၊ ​ဒေသခံပြည်သူများ အကျိုးပြု​သော လုပ်ငန်းဖြစ်တဲ့အတွက် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ကလည်း ခရီးသွားလုပ်ငန်း​အောင်မြင်တိုးတက်​ရေးအတွက် ​ပံ့ပိုး​ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း၊ ကိုဗစ်-၁၉ ကာလအလွန် ၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်​ပေးမည့်အချိန်တွင် ဟိုတယ်ဝန်​ဆောင်မှုများ  ပိုမို​ကောင်းမွန် တိုးတက်​နေ​စေရန်အတွက် ဟိုတယ်လုပ်ငန်ရှင်များနှင့် ပူး​ပေါင်းပြီး  သင်တန်းဖွင့်လှစ်​ပေးခြင်းဖြစ်​ကြောင်းနှင့်  သင်တန်းသား/သူ ၄၀ ဦးအတွက် သင်တန်းတက်​ရောက်သည့် ​နေ့တွက် စရိတ် များကို ဌာနမှ ​ထောက်ပံ့​ပေးသွားမည်ဖြစ်​ကြောင်း ​"ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ဧည့်ကြိုဘာသာရပ်၊ အိပ်ခန်း​ဆောင် ထိန်းသိမ်း​ရေးဘာသာရပ်၊ အစားအစာနှင့်အ​ဖျော်ယမကာ ဝန်​ဆောင်မှု ဘာသာရပ်နင့် ကြိုတင်မှာယူမှုအား လက်ခံ​ဆောင်ရွက်​ပေးခြင်း ဘာသာရပ်များကို ဟိုတယ် မန်​နေဂျာများကိုယ်တိုင် သင်ကြားပို့ချ​ပေးမည်ဖြစ်ပြီး  ဩဂုတ်လ ၁၇ ရက်​နေ့မှ စက်တင်ဘာလ ၄ ရက်​နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်​ကြောင်း သိရှိရသည်။

စိုးစိုးဝင်း(ခရိုင်ပြန်/ဆက်)