အုတ်တွင်းမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အောက် အရွယ်ရှိ ကလေးသူငယ်များကို မျက်စိအားဆေး ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေး

အုတ်တွင်း  သြဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် အသက်(၆)လမှ(၅)နှစ်အောက် အရွယ်ရှိ ကလေး သူငယ်များအား မျက်စိအားဆေး ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများက ပဲခူးလမ်း ရပ်ကွက်ရှိ အသက်(၆)လမှ(၅)နှစ်အောက် အရွယ်ရှိ ကလေးသူငယ်များကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ အသက်(၆)လမှ(၅)နှစ်အောက်ရှိ ကလေးသူငယ်များအား မျက်စိအားဆေး ဗီတာမင်အေ၊ သံချဆေး တိုက်ကျွေးခြင်း (၆)လ တကြိမ် ပုံမှန်တိုက်ကျွေးသင့်ကြောင်း ကလေးမိဘများအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါ မျက်စိအားဆေးဗီတာမင်အေကို (၆)လတကြိမ် တိုက်ကျွေးခြင်းအားဖြင့် အသက်ကြီးလာရင် မျက်စိ ကြက်မျက်စိသင့်ခြင်း၊ မျက်သား ဖြူခြောက်သွေ့ခြင်း၊ မျက်ဖြူသားခြောက်သွေ့ပြီး အဖြူဖတ်ပေါ်ခြင်း၊ မျက်ကြည်လွှာ အမာရွတ်(အပြင်တိမ်)ဖြစ်ခြင်းစတဲ့ မျက်စိနဲ့ ပတ်သက်သည့် ရောဂါများ ဖြစ်ပွားမှုကို ကာကွယ် နိုင်မှာ ဖြစ်ပါတယ်ဆိုတဲ့အကြောင်း၊ အသက်(၅)နှစ်အောက် ကလေးငယ်များရှိသည့် မိဘများ အနေနဲ့ မပျက်မကွက် တိုက်ကျွေးသင့်ကြောင်း မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာန သားဖွားဆရာဆရာမ ဒေါ်နော်သီရိဝင့်ထယ်က ကလေးမိဘများသိသင့်သိထိုက်သော ကျန်းမာရေးဆိုင်ရာများကို ဆက်လက် ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသြဂုတ်လကို အာဟာရရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ အသက်(၆) လမှ(၅) နှစ်အောက်ရှိ ကလေးသူငယ်များကို မျက်စိအားဆေး ဗီတာမင်အေနှင့် သံချဆေးများကို တိုက်ကျွေးလျှက်ကြောင်းနှင့် အုတ်တွင်း မြို့နယ် ပဲခူးလမ်းရပ်ကွက်အတွင်းရှိ ကလေးသူငယ် (၁၀၀)ဦး ခန့်ရှိကြောင်းမြို့ပေါ်ရပ်ကွက်များသို့ ဆက်လက်တိုက်ကျွေး သွားမည် ဖြစ် ကြောင်း မြိုနယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ သိရှိရသည်။

ခင်မာ(ပြန်/ဆက်)