မအူပင် သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျွဲဒုံးကျေးရွာအုပ်စု ကျွဲသောင်ကျေးရွာ၊ မီးသွေးချောင်းကျေးရွာအုပ်စု သောင်တန်းကျေးရွာတို့၌ တိုးမြစ်ရေနှင့် ရာဇူတိုင်မြစ်ရေ တိုးမြင့်လာမှုကြောင့် မြစ်ကမ်းပါးခိုင်ခန့်မှု အားနည်းသဖြင့် မြစ်ကမ်းနှင့်နီးစပ်သည့် ကမ်းပြိုဘေးအန္တရာယ်ကြောင့် နေအိမ်(၁၂)လုံး၊ အိမ်ထောင်စု (၁၂)စု လူဦးရေ(၄၈)ဦးအား ယနေ့နံနက် ၁၁ နာရီက မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ကျွဲဒုံးကျေးရွာအုပ်စု ကျွဲသောင်ကျေးရွာ၊ မီးသွေးချောင်းကျေးရွာအုပ်စု သောင်တန်းကျေးရွာများ၌ တိုးမြစ်ရေနှင့် ရာဇူတိုင်မြစ်ရေ တိုးမြင့်လာမှုကြောင့် ကမ်းပြိုဘေးအန္တရာယ်ကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၂)လုံးအိမ်ထောင်စု(၁၂)စု လူဦးရေ (၄၈) ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ နေအိမ်တစ်လုံးလျှင် ကျပ် ၁ သိန်းနှင့် ဆန်ရိက္ခာ (၇)ရက်စာအတွက် စုစုပေါင်းရန်ပုံငွေ ကျပ် (၁,၃၀၀,၈၀၀)အား မအူပင်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံး ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးမောင်တို့က ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိ၊ ရပ်ဖများရှေ့မှောက်၌ သဘာဝဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)