ညောင်တုန်း အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ငွေပင်လယ်မွေးမြူရေးနှင့်ရေလုပ်ငန်း ကုမ္ပဏီလီမိတက်၊ ငါးမွေးမြူရေးလုပ်ငန်း(မအူပင်)မှ ငါးသယံဇာတများ ရေရှည်စဉ်ဆက် မပြတ် ပေါကြွယ်ဝ စေရန် ၊ ငါးမျိုးပြုန်းတီးမှု လျော့ပါးစေရန်နှင့် ဒေသခံပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်၍ သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ပေးခြင်း အခမ်းနားကို အောက်တိုဘာလ ၈ရက်နေ့ နံနက်၉နာရီက သဇင်ရေကျော်ကျေးရွာ အောင်သစ္စာကျောင်းတိုက် ဆိပ်ကမ်း၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးညွှန့်ဆွေ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးဆန်းဝင်း၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောသောင်းခိုင်၊ ငွေပင်လယ်မွေးမြူရေးနှင့်ရေလုပ်ငန်းကုမ္ပဏီလီမိတက်မှ အထွေထွေမန် နေဂျာ ဦးခင်မောင်ဦး၊ ဦးဇော်ဝင်း၊ လက်ထောက်အထွေထွေ မန်နေဂျာနှင့် ဝန်ထမ်းများ၊ ကျေးရွာရပ်မိရပ်ဖများ တက်ရောက်ကြပြီး သဇင်ရေကျော် ကျေးရွာသဘာဝရေပြင်အတွင်းသို့ ငါးသယံဇာတဖူလုံစေရေးအတွက် ၂လက်မ၊ ၃လက်မအရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ(၆)သိန်းအား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရှိ ရသည်။
မြို့နယ်(ပြန်/ဆက်)