ပင်လောင်း ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များ အတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ထပ်မံပေးအပ်လျက်ရှိပြီး ထောက်ပံငွေ ပေးအပ်ခြင်း ကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၇၁၈၃)စု အတွက် အိမ်ထောင်စုတစ်စုလျှင် ထပ်မံထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၁၄၃၆၆၀၀၀၀)ကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ရပ်ကွက်/ကျေးရွာနေ ပြည်သူထုများထံ လက်ဝယ်အရောက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်