ရန်ကုန် ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေ စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရွာမအနောက်ရပ်ကွက် နယ်မြေ(၅)ရှိ ကွန်ကရစ်တံတား အမှတ်(၁)နှင့်(၂)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၇) နာရီ အချိန်က ဖွင့်လှစ်ခဲ့သည်။
ဖွင့်လှစ်ရာတွင် အင်းစိန်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေ သကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်နှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြို့တော်စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေဖြင့် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးလမ်းတံတား တာဝန်ခံ ဦးသန်းဦးမှ တာဝန်ယူ တည်ဆောက် ပြီးစီးခဲ့သော အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက် နယ်မြေ(၅)ရှိ သံကူကွန်ကရစ်တံတား အမှတ်(၁) အရှည်ပေ (၅၀)၊အကျယ်ပေ(၁၀)နှင့် အမှတ်(၂) အရှည်ပေ(၅၅)၊အကျယ်ပေ(၁၄)ရှိ တံတား(၂)စင်းအား ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)