ကြံခင်း ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တွင် လိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင်၊ လက်ဘက်ရည် ဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားမှု ရှိ/မရှိကို ယမန်နေ့က မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ စစ်ဆေးခြင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြင်ဆင်ထားရှိရမည့် အချက်မျာအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးခြင်းဖြစ်ပြီး၊ စားသောက်ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများ လိုက်နာရမည့် အချက်(၁၄)ချက်နှင့် စားသုံးသူများ လိုက်နာရမည့် အချက်(၇)ချက်အား လိုက်နာ ဆောင်ရွက်ထားမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းကို ကြံခင်းမြို့နယ် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်းပြီး စစ်ဆေးခဲ့ကြပြီး လိုအပ်ချက်ရှိသော ဆိုင်များအား ပြင်ဆင်ရမည့်အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)