မြို့သစ် သြဂုတ် ၁၇
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ် - ၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ( စတုတ္ထ အကြိမ်) ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ အဖွဲ့ခေါင်းဆောင်များကြီးကြပ်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများသို့ သွားရောက်၍ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားက စားမှူး ဦးသိန်းဇော်မင်း ဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့များက လေးတိုင်စင်ကျေးရွာအုပ်စု ၊ မနော့ ကုန်းကျေးရွာအုပ်စု ၊ ရုံးတောကျေးရွာအုပ်စု ၊ နွားလှကျေးရွာအုပ်စု ၊ ဝါးကြီးအိုင်ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ( ၂၁၂၅ )စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၄၂၅၀၀၀၀၀)တိတိကို အခြေခံ လူတန်းစားအိမ်ထောင်စုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)