ကသာခရိုင် ထီးချိုင့်မြို့နယ်အတွင်းရှိ ( ၂၀၁၉-၂၀၂၀ )ဘဏ္ဍရေးနှစ်အတွင်း တည်ဆောက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ထီးချိုင့် ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အ တွင်း တည်ဆောက်လျက်ရှိသောလုပ်ငန်းများစစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီက သွားရောက် စစ်ဆေး ခဲ့ကြောင်းသိရပါသည်။

အဆိုပါကျေးလက်လမ်းဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများဖြစ်သော ကွမ်းဘောင်လမ်းနှင့် ချိတ်သင် - ကမ်းနီကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်း၊ ကျန်းမာရေးဦးစီးဌာန၏ မြတောင် တိုက်နယ် ဆေးရုံဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းနှင့် အလယ်တောတိုက်နယ် ဆေးရုံ ဆရာဝန် နေအိမ် ဆောက်လုပ်ခြင်းလုပ်ငန်းများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၊ မြို့နယ် စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌဦးစိုးလွင်နှင့်ကော်မတီဝင်များ၊ လဝကဦးစီးမှူး ဦးမီရယ်၊ လမ်းဦးစီး ဌာနမှ ဦးစီး အရာရှိဒေါ်သင်းသင်းထွေး၊ ကျေးလက်လမ်းဦးစီးမှူး ဦးဗိုလ်မင်းနှင့်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကိုကိုနိုင်တို့ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

ရဲလင်းထွန်း(ထီးချိုင့်)