စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စေတုတ္တရာ ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မူယာက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းကော်မတီအဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ ကော်မတီအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသော မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း ကော်မတီအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းကော်မတီအဖွဲ့ကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော စံ(၅)ရပ်နှင့်အညီ ပွင့်လင်းမြင်သာစွာ ကျင်းပ ပြုလုပ်မည်ဖြစ်သဖြင့်  ရွေးကောက်တင် မြှောက် ခြင်းဆိုင်ရာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု/ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက အချိန်မီ ဖြေရှင်းဆောင်ရွက်နိုင်ရန်  ဖွဲ့စည်းရခြင်း ဖြစ်ကြောင်းသိရသည်။

စည်သူလွင်(ပြန်/ဆက်)