သာယာဝတီ သြဂုတ် ၁၇
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်အတွင်း မြစ်မခရေတိုက်စားပြီး ကမ်းပြိုကျမူကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် သြဂုတ်လ ၁၄ ရက်နေ့က ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ကြိုတင် ရွှေ့ပြောင်းခဲ့ရသော မြစ်ကျိုးကျေးရွာ အုပ်စု၊ ဘုရားကုန်းကျေးရွာမှ နေအိမ်(၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၃)သိန်းကျပ်၊ လူဦးရေ ၁၂ ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၅၂၀၀) ကျပ်၊ စုစုပေါင်း (၃၂၅၂၀၀)ကျပ်နှင့် နေအိမ်(၃)လုံးအတွက် ပစ္စည်း(၁၁)မျိုးပါ ပလပ်စတစ်ပုံး (၃)ပုံးတို့အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်း၊ ရပ်ကွက်အုပ်ချုပ်မှူးများနှင့်အတူ ဘေးသင့်ပြည်သူများ ထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)