ဝန်းသို ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မန်ကျည်းကုန်းကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် မဲခေါင် လန်ချန်း စီမံချက်ဖြင့် အိမ်ခြံဝင်းအတွင်း ဟင်းသီး ဟင်းရွက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး စီမံကိန်းတွင် လိုအပ်သည့် စီမံကိန်း ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခြင်းနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့က အဆိုပါကျေးရွာဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက အမှာစကားပြော ကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးတင့်ဆွေက အခမ်းအနား ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် မဲခေါင်လန်ချန်းစီမံချက်ဖြင့်ဆောင်ရွက်သည့် ဟင်းသီးဟင်းရွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာတွင် လိုအပ်သည့် ပံ့ပိုးပစ္စည်းများကို တာဝန်ရှိသူများက သင်တန်းတက်ရောက် လာသူ တောင်သူ ၄၅ဦးထံသို့ အသီးသီးပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးတင့်ဆွေနှင့် စိုက်ပျိုးရေးပညာရှင် သင်တန်းဆရာများက စိုက်ပျိုး ထုတ်လုပ်နည်း သင်တန်းကို ဆက်လက် သင်ကြားပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ကောလင်းခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှသွင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးနေမျိုးထွန်း၊ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြတ်မျိုးထွန်းနှင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးတင့်ဆွေနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
ကျော်မြိုင် (ပြန်/ဆက်)