ရန်ကုန် ဩဂုတ် ၁၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ ခဝဲခြံ(၁)လမ်းရှိ အမြင့်ပေ (၃၀)ရှိ ဆက်သွယ်ရေး ကြိုးများ သွယ်တန်းထားသည့် ဆက်သွယ်ရေးတိုင် ပြိုလဲမှု ယမန်နေ့ညက ဖြစ်ပွားကြောင်း သိရသည်။
အဆိုပါတိုင်သည် ကွန်ကရိကျောက်တိုင်ဖြစ်ပြီး ညဘက်ပြိုလဲ၍ တစ်ဦးတစ်ယောက်မျှ ထိခိုက်မှု မရှိသော်လည်း နေ့အခါ ပြိုလဲပါက ပြည်သူများအတွက် အန္တရာယ်ရှိကြောင်း တာဝန်ရှိသူများမှ နောင်ပြိုလဲမှု မရှိစေရန် ဆောင်ရွက်သင့်ကြောင်း အနောက်ကြို့ကုန်းနေ နယ်ခံတစ်ဦးမှ ပြောကြားခဲ့သည်။
အဆိုပါတိုင်အား အမြန်ဆုံး ပြန်လည်ပြုပြင်ရန် တာဝန်ရှိသူများက ပြန်လည်ဆောင်ရွက်နေကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)