လသာမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံရေး ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်းနှိုးဆော်

ရန်ကုန် သြဂုတ် ၁၇

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး Human Papilloma Virus (HPV) ပထမအကြိမ် ထိုးနှံခြင်းကို ထည့်သွင်းနိုင်ရန် လျာထားပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ထိုးနှံမှုတွင် (၁.၉.၂၀၁၀) ခုနှစ်မှ (၁.၈.၂၀၁၁)ခုနှစ် မွေးဖွားသူ တစ်နည်းအားဖြင့် အသက် (၉) နှစ်မှ(၁၀)နှစ်ပြည့်ပြီးသူ အမျိုးသမီး များအား ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သို့ဖြစ်ပါ၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏ သမီးငယ်များအား ကျန်ရှိမှု မဖြစ်စေရေး အတွက် လသာမြို့နယ်ရှိ သက်ဆိုင်ရာ ရပ်ကွက်များနှင့် မြို့နယ် ကျန်းမာရေးဌာနသို့ စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။

မေသူ(ပြန်/ဆက်)