အောင်မြေသာစံမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေး ဩဂုတ် ၁၇

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားတွင် အမှတ် (၈၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (အောင်မြေသာစံမြို့နယ်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၂ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်၊ စောင်ရေ (၃၀၀) ကို ခရီးသွားပြည်သူများအား ဖြန့်ဝေပေးကြသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ် (၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)၊ အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲ (မန္တလေး)၊ အမှတ် (၈၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (အောင်မြေသာစံမြို့နယ်)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ဇောအောင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မော်တော်ကားမောင်းနှင်သူများနှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများကို ယာဉ် အန္တရာယ်ကင်းရှင်း‌စေရေးနှင့် ၂၀၂၀ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ အကြောင်းအရာများကို နားလည်အောင် ရှင်းပြပြီး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)