အလုံ သြဂုတ် ၁၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ၁.၈.၂၀၁၀ မှ ၁.၉.၂၀၁၁ မွေးဖွားသူ (တစ်နည်း အားဖြင့် အသက် ၉ နှစ်မှ ၁၀ နှစ်ပြည့်ပြီးသူ) အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်းကို မြို့နယ်အတွင်းရှိ ပြည်သူများသိရှိနိုင်ရေး အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ရန်ကုန်အနောက်ပိုင်းခရိုင် အလုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏ သမီးငယ်များအား ကျန်ရှိမှုမဖြစ် စေရေး အတွက် သြဂုတ်လ ၁၇ ရက်နေ့တွင် အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် စာရင်း များ လာရောက်ပေးသွင်းနိုင်ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)