မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ အခြေခံအိမ်‌ထောင်စုများအား နိုင်ငံတော်အစိုးရ၏ စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်

သထုံ   ဩဂုတ် ၁၇

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင် နည်းပါးပြီး ပုံမှန်ဝင်‌ငွေမရှိသည့် အခြေခံ အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရ၏ စတုတ္ထအကြိမ်ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)စီ ထောက်ပံပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်‌ ရေးမှူး ဦးစောညီညီထွေးက စတုတ္ထအကြိမ်ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ထောက် ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကြီးကြပ်မှုအဖွဲ့မှ တာဝန်ရှိသူတို့က သထုံမြို့နယ် အတွင်းရှိ အခြေခံ အိမ်ထောင်စုပေါင်း ၁၂၄၁၁ အိမ်ထောင်စုအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၂၄၈၂ ၂၀၀၀၀ ကို ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြသည်။

သထုံမြို့နယ်အတွင်း နိုင်ငံတော်မှ ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန် ၅ မျိုး ထောက်ပံ့ခဲ့ရာ အိမ်ထောင်စ ုပေါင်း ၃၉၇၈ စု၊ ဒုတိယ အကြိမ် ငွေကျပ် ၁၅၀၀၀ စီထောက်ပံ့ခဲ့ရာ အိမ်ထောင်စု ၈၄၃၃ စု၊ တတိယအကြိမ် ငွေကျပ် ၂၀၀၀၀ စီထောက်ပံ့ရာ အိမ်ထောင်စု ၁၂၄၁၁ စု ရရှိခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။

သက်ဦး(သထုံ)