မရမ်းကုန်းမြို့နယ်တွင်(၂၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

မရမ်းကုန်း သြဂုတ် ၁၇

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်()ရပ်ကွက်ရှိ ခေမာရာမ(ကျိုင်းတုံ) ကျောင်းတိုက်တွင် ယမန့်နေ့ နံနက်ပိုင်းက ဝါဆို သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား နမောတဿ() ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ခေမာရာမ (ကျိုင်းတုံ) ကျောင်းတိုက်ဆရာတော် ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် အဖွဲ့များမှ သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)