ဆောမြို့နယ်တွင် တောခလွန်ကျေးရွာတွင် ရေထုတ်မြောင်းကို ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်

ကျောက်ထု ဩဂုတ် ၁၆

ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့ဒေသ တောခလွန်ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး လူထုစုပေါင်းလျက် ရေထုတ်မြောင်းလမ်းများ လုပ်ငန်းဆောင်ရွက်ကြရာ လမ်း ပေ(၈၀)ရှိ ကျောက်ချောလမ်းခင်းလျက် ဘေးနှစ်ဖက်ရေနှုတ်မြောင်း အနက် (၃)ပေ မြောင်းအကျယ်(၂)ပေ လမ်းဘေးနှစ်ဖက်စုပေါင်း၍ မိုးရာသီကာလတွင်ရေစီးဆင်းမှုအဆင်ပြေချောမွေ့စေရန် လုပ်ငန်း ဆောင်ရွက်ရှိသည်။

အဆိုပါလုပ်ငန်းတွင် ယခင်က ရွာတွင်းလမ်းများ၌ သွားလာရာတွင် ရွှံ့နွံများဖြင့် အခက်အခဲ များစွာနှင့် သွားလာခဲ့ရသော်လည်း ယခုအခါကျောက်ချောလမ်းခြင်းဖြင့် ရာသီမရွေးဒေသခံပြည်သူများ သွားလာအဆင်ပြေမည်ဟု ကျေးရွာကော်မတီအဖွဲ့၀င် ဦးတင်လှိုင်၏ ပြောပြချက်အရသိရှိရသည်။

မောဟေမာန် ပြန်/ဆက်