ကျိုက်မရော သြ ဂုတ် ၁၆
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးလက်နေတိုင်းရင်းသားပြည်သူမဲဆန္ဒရှင် များမဲပေးနိုင်ခွငိ့အခွင့်အရေးများမဆုံးရူံးစေရန်နှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိစေရေးအတွက်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် အိမိတိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်၁၀နာရီက ငပုအင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးစောအောငိမြင့်ခိုင် ဦးဆောင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးသန်းထိုက်၊ ဒုလဝကမှူး ဒေါ်ကြည်ကြည်နွယ်နှင့် ဝန်ထမ်းများက ကျိုက်မရော မြို့နယ်အတွင်းရှိ ငပုအင်းကျေးရွာ လမုခိုကျေးရွာတို့မှအသကိ၁၈နှစ်ပြည့်နိုင်ငံသားစစိစစ်ရေးကတ်ပြားမရရှိသေးသူများ၊ပျောက်ဆုံးပျက်စီးသူများအား စာရင်းကောက်ယူကာစစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်ပေးပြီး အမျိုးသား (၂၆) ဦး၊အမျိုးသမီး၁၂ဦးစုစုပေါင်း (၃၈) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)