ဆောမြို့နယ်အတွင်း မှုခင်းကျဆင်းရေး အိမ်အရောက်သွားရောက်ဆွေးနွေး

ဆော သြဂုတ် ၁၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်း ပြည်သူများမှုခင်းအသိပညာဗဟုသုတ ရရှိစေရေးအတွက် ဆောမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်စိုးခိုင် ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များသည် အကြည်ကတင်းကျေးရွာ ရာအိမ်မှူးဦးရဲမြင့်နှင့်အတူ ယမန်နေ့ က ကျေးရွာအတွင်းရှိ လူနေအိမ်ခြေ(၇)အိမ်သို့ အိမ်တိုင်ရာရောက် သွားရောက်ကြ၍ ပြည်သူ ၃၅ ဦးတို့နှင့်တွေ့ဆုံကာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း သိရှိ လိုက်နာနိုင်စေရေး၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေး၊ လိမ်လည်မှုမခံရစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေးအတွက် ဆွေးနွေးခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)