မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကြက်မွေးမြူရေး သင်တန်းဖွင့်လှစ်

မုဒုံ ဩဂုတ် ၁၆

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်- ၁၉ ရောဂါ စီးပွါးရေးအပေါ် ထိခိုက်မှု သက်သာရေး စီမံချက် (CERP)အရ တိရစ္ဆာန်မွေးမြူရေးထုတ်လုပ်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ပညာပေး သင်တန်းအဖြင့် ကြက်မွေးမြူရေးသင်တန်းကို  ယမန်နေ့ နေ့လယ်(၁၂)နာရီက နိုင်းပြိုင်ကျေးရွာဓမ္မာရုံ၌   ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မော်လမြိုင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေး မှူး ဒေါက်တာတင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါက်တာနန်းကြူကြူအောင်က ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကျေးလက်နေ ပြည်သူများ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး အရည် သွေးမြင့် တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက်ပစ္စည်းတွေကို မွေးမြူ ထုတ်လုပ်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းကို မြို့နယ်ဦးစီးမှူး ဒေါက်တာနန်းကြူကြူအောင်နှင့် တာဝန်ရှိသူများက သင် ကြားပေးသွားမည် ဖြစ်ပြီး  ကျေးရွာအတွင်းရှိ ကြက်မွေးမြူရေး လုပ်ကိုင်သူများနှင့် စိတ်ပါဝင်စား သူ (၃၀)ဦး တက်ရောက်ကာ သင်တန်းကို ဩဂုတ်လ(၁၅)ရက်နေ့မှစ၍ (၁၇)ရက်နေ့ထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(မုဒုံ)