သံတွဲ စက်တင်ဘာ ၂၆
မြန်နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များဆိုင်ရာအသင်းချုပ်(ရန်ကုန်မြို့)မှ ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကိုယ်ခံအားကောင်းမွန်ကာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွါးမှုအား ကာကွယ်နိုင်ရေးအတွက် သောက်သုံးနိုင်ရန်လှူဒါန်းသည့် (အမေရိကန်နိုင်ငံ) ကိုယ်ခံအားမြှင့်ဆေးရည် Vitamin D-3 ဆေးရည်များအား ယနေ့နံနက်မှစ၍ ကျေးလက်နေ ပြည်သူများအား တိုက်ကျွေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ Vitamin D-3 ဆေးရည်များကို သံတွဲခရိုင်အတွင်းရှိ ဂွမြို့နယ် ဆပ်သွားကျေးရွာအုပ်စုမှ သက်ကြီးရွယ်အို ၆၀၀၀ ဦး၊ မူဆလင်လူငယ်အဖွဲ့(သံတွဲမြို့)ရှိ လူဦးရေ ၄၅၀၀ဦး၊ သံတွဲမြို့နယ် မော်ရုံ၊ မော်ရှည်၊ ကွင်းဝိုင်း၊ ကျီးကန်းရဲ ကျေးရွာတို့မှ သက်ကြီးရွယ်အို ၁၅၀၀ဦး၊ ဆတ်လည်မျှော်ကျေးရွာမှ သက်ကြီးရွယ်အို ၁၅၀ဦးနှင့် ငပလီမြို့ မြပြင်ရပ်ကွက်ရှိ လူဦးရေ ၁၅၀တို့ အားငပလီမြို့ ပရဟိတလူမှုရေးအဖွဲ့၊ သံတွဲမြို့နယ်ပရဟိတ လူမှုရေးအဖွဲ့များ သက်ဆိုင်ရာ ကျေးရွာတာဝန်ခံများ ပူးပေါင်း၍ သတ်မှတ်ကျေးရွာများသို့ သွားရောက်၍ ကျေးလက်နေ ပြည်သူသက်ကြီးရွယ်အိုများအား တိုက်ကျွေးလျက်ရှိကြောင်း ငပလီမြို့ ပရဟိတလူမှုရေးအဖွဲ့မှ သိရှိရသည်။
သန့်ဇင်