ဝေါ ဩဂုတ် ၁၆
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း(ပဲခူး)နှင့် စာပေစေတမန်(နယ်လှည့်စာကြည့်တိုက်)ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ စာပေစေတမန် (ဝတ္ထုတိုပြိုင်ပွဲ) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ၊ညောင်ခါးရှည်ကျေးရွာ၊ စာပေစေတမန်စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပြေဝင်းကအဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက်စာပေ စေတမန်ဥက္ကဋ္ဌ စာရေးဆရာဘုန်းဇော်မိုး (ဥဿာ)က ဆုချီးမြှင့်ပွဲနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် ညောင်ခါးရှည်အထကကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်သိန်းက ဂုဏ်ပြုစကားပြောကြားပြီး ဆုများအသီးသီး ပေးအပ်ရာ ဆုရရှိသူများကိုယ်စားအဖွဲ့ဝင်များကလက်ခံရယူခဲ့သည်။ ဆက်လက်၍အလှူရှင်များက အလှူငွေများ လှူဒါန်းရာ စာပေစေတမန်အဖွဲ့က လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများစာပေစေတမန်အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပြီး ၂၀၂၀ခုနှစ်စက်တင်ဘာလတွင်'' မူးယစ်ဆေးဝါးအန္တရာယ်ပညာပေး ဆောင်းပါးပြိုင်ပွဲ'' ကို ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)