ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၃)ကျောင်းဆောက်လုပ်မှုအခြေအနေ(၇၅)ရာခိုင်နှူန်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ကြံခင်း ဩဂုတ်.၁၆

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၃)ကျောင်းအား ကျောင်းဆောင်အသစ် ဆောက်လုပ်ခြင်း(၇၅) ရာခိုင်နှူန်းပြီးစီးမှု အခြေအနေကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

၂၀၁၉၂၀၂၀ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းတည်ဆောက်ရေးဖြင့် ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်များမှ ကြံခင်းမြို့နယ်အတွင်းရှိ ခုံကြီးကျေးရွာအခြေခံပညာ မူလတန်းကျောင်းမှပေ (၆၀×၃၀)Steel Structure(၁)ထပ် စာသင်ဆောင်အသစ်ဆောက်လုပ်ခြင်းအား လည်းကောင်း၊ စပါးအိုးကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင်ပေ(၉၀×၃၀)Steel Structure(၁) ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်ခြင်းအားလည်းကောင်း၊ ညောင်ဝိုင်းကျေးရွာ အခြေခံပညာမူလ တန်းကျောင်းတွင် ပေ(၆၀×၃၀)Steel Structure(၁) ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မှု အခြေအနေများကိုစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါစစ်ဆေးမှုတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ကျော်လွင်၊ မြို့နယ်ပညာရေးမှူးနှင့်မြို့နယ်မှ သက်ဆိုင်ရာတာဝန်ရှိအင်ဂျင်နီယာများကတည်ဆောက်ပြီးစီးမှုအခြေအနေများအားကြည့်ရှု့ စစ်ဆေးပြီးမြို့နယ် တည်ဆောက်ရေး ကော်မတီအဖွဲ့အား လိုအပ်သည်များကိုအကြံပြုမှာ ကြားခဲ့ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)