ပန်ဆောင် စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် မြို့လူမှုဝန်ထမ်းဦးစီးဌာနမှအသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအားလူမှုရေး ပင်စင်ထောက်ပံ့ခြင်းကို ယမန်နေ့က ရပ်ကွက်နှင့်ကျေးရွာများ အရောက် သွားရောက်ထောက်ပံ့ ခဲ့ကြောင်းသိရသည်။
ပန်ဆောင်မြို့တွင်ကျေးရွာ(၁၈)ရွာမှ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား (၆၅)ဦးရှိပြီး မြို့လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေများဖြင့်လှုမှုရေး ပင်စင်များကို ထောက်ပံ့ပေးလျှက်ရှိရာ ယခုဘဏ္ဏာနှစ် တတိယသုံးလပတ် ဧပြီ၊မေ၊ ဇွန် လတို့အတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ်(၁၀၀၀၀) တစ်သောင်းနှုန်းဖြင့် သုံးလစာငွေကျပ် (၃၀၀၀၀)သောင်းကို ထောက်ပံ့ပေးရမည ်ဖြစ်ရာမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ရပ်ကျေးစာရေး ဝန်ထမ်းများက ရပ်ကွက်ကျေးရွာ များရှိ ဘိုးဘွား (၆၅)ဦးအတွက် ငွေကျပ် ၁၉သိန်းငါးသောင်းကို ဘိုးဘွားများ လက်ဝယ် အရောက် လိုက်လံထောက်ပံ့ခဲ့ကြောင်းသိရှိရသည်။
ဂျာယော်